လှိုင်သာယာ(အရှေ့ပိုင်း) မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လုံခြုံစိတ်ချမိခင်ဘဝသေချာရအောင် ဝိုင်းကူကြ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို မေလ ၂၆ ရက်နေ့နံနက် ၈ နာရီခွဲက လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကားပြောကြားပြီး လှိုင်သာယာပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ရူပါစိုးမှ လုံခြုံစိတ်ချ မိခင်ဘဝအကြောင်း သိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းဦးက ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွင်း မိခင်သေဆုံးမှုအခြေအနေအား ဆန်းစစ်လေ့လာခြင်းအကြောင်း ဆွေးနွေးပြောကြားရာ လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (သားဖွားမီးယပ်)ဖြစ်သူ ဒေါက်တာ တိုးတိုးအောင်မှ ၂၀၂၅ ခုနှစ်အတွင်း ဆေးရုံကြီးတွင် သေဆုံးခဲ့သော မိခင်များ၏ သေဆုံးမှုကို ဆန်းစစ်တင်ပြခြင်းနှင့် ကုသမှု ဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံနှင့် အထူးကုဆေးခန်းများမှ ဝာာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၁၃) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဝါဝါထွန်း(ပြန်/ဆက်)