ပြင်ဦးလွင် မေ ၂၈
၂ဝ၂၆ ခုနှစ် ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပိုက်ကျော်ခြင်းဆပ်ကော်မတီတို့မှ ပူးပေါင်းကျင်းပသော ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌဖလား (ဒုတိယ)အကြိမ် အမျိုးသားဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီက ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ပိုက်ကျော်ခြင်းဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးမှ ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများဟာ မိမိကျေးရွာ၊ မြို့၊ ခရိုင် ကိုယ်စားပြု ယှဉ်ပြိုင်နေကြတာဖြစ်ပြီး နိုင်ငံတော်အနာဂတ်၏ အားကစားလောက ဖွံ့ဖြိုးတိုးတက်ရမည်ဆိုတဲ့နိုင်ငံကို အကျိုးပြုနိုင်မည့် အားကစားမောင်မယ်များ ပေါ်ထွက်လာအောင် ဒီလိုပြိုင်ပွဲကောင်းတွေကို ကျင်းပပေးလျက်ရှိကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီးနောက် ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌဖလား (ဒုတိယ)အကြိမ် အမျိုးသားဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယကအဖွဲ့မှ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌဖလား (ဒုတိယ)အကြိမ် အမျိုးသားဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၅၉)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို (၂၇ - ၅ -၂၀၂၆)မှ(၃၁ - ၅ -၂၀၂၆)ရက်နေ့ထိ ခရိုင်းအားကစားကွင်းတွင် နေ့စဉ်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဆုရရှိသောအသင်းများကို ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)