ပုဗ္ဗသီရိမြို့နယ်၌ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

 ပုဗ္ဗသီရိ မေ ၂၇

ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အဝါရောင်မျိုးဆက်သစ် ပရဟိတလူငယ် (YGW)ကျောင်းတို့ ပူးပေါင်း၍ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ၊ စာလုံးပေါင်း သတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်ရုံး (Community Centre)ခန်းမ၌ ကျင်းပရာ  မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ထွေးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲအား ကျင်းပရာ အဝါရောင်မျိုးဆက်သစ်ပရဟိတလူငယ် (YGW)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးက သက်ဆိုင်ရာပြိုင်ပွဲများအလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

ယင်းနောက် အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)