ဥတ္တရသီရိ ဇန်နဝါရီ ၁၉
နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက် QA/QC ငှားရမ်းခြင်း အတွက် တင်ဒါဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက နေပြည်တော်၊ ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း က အဖွင့်အမှာ စကားပြောကြားပြီး တင်ဒါ ကော်မတီအတွင်းရေးမှူး ဦးဆောင်ဒိုင်း (ဒုတိယညွှန်ကြားရေးမှူး၊ နေပြည်တော်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန) မှ တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့် တင်ဒါတင်သွင်းလာမှုအခြေအနေအား ရှင်းလင်း တင်ပြ သည်။
အဆိုပါ အခမ်းအနားတွင် နည်းပညာအဆိုပြုလွှာများအား ကနဦးစစ်ဆေးခြင်း၊ နည်းပညာ ကျွမ်းကျင်မှုဆိုင်ရာ အမှတ်ပေးခြင်း၊ နည်းပညာ ကျွမ်းကျင်မှုရလဒ်များအား ကြေညာခြင်း၊ ဈေးနှုန်းအဆိုပြုလွှာအား ဖွင့်ဖောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)