စမ်းချောင်း ဇန်နဝါရီ ၁၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည် ဖော် ဆောင်ရွက်မည့် စီမံကိန်းများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်း အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း များနှင့် ပတ်သက်၍ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပြီး ပြည်ထောင် စုလွှတ်တော် ရန်ပုံငွေဖြင့် မြို့နယ်တစ်ခုချင်းအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို နှစ်စဉ်ငွေကျပ် သိန်းတစ်ထောင် မတည်ပေးလျက်ရှိရာ ၂၀၂၀/၂၀၂၁ ဘဏ္ဍာနှစ်သည် နဝမမြောက် နှစ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ စမ်းချောင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်၊ မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မိုးနှင့် တာဝန်ရှိသူ များ၊ ရပ်ကွက်အဆင့် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခင်ချောစုဝင်း(ပြန်/ဆက်)