အလုံမြို့နယ်၌ ဘောလုံးသင်တန်းဖွင့်လှစ်သင်ကြားမှု အခြေအနေအား ကြည့်ရှုအားပေး

အလုံ မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဆင်မင်းမြက်ခင်းတုဘောလုံးကွင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ Pilot Project ဖြင့် ဘောလုံးသင်တန်းဖွင့်လှစ်သင်ကြားနေမှုအား မေ၂၅ ရက်နေ့ ညနေပိုင်းက ခရိုင်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် တာဝန်ရှိဌာနဆိုင်များ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

အလုံမြို့နယ် ဆင်မင်းမြက်ခင်းတုဘောလုံးကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း Pilot Project အစီအစဉ် Football For School Programဖြင့် ဘောလုံးသင်တန်း ဖွင့်လှစ်သင်ကြားနေသော ဘောလုံးသင်တန်းနည်းပြများ၊ သင်တန်းသားများအားရင်းရင်းနှီးနှီးနှုတ်ဆက်ခြင်းနှင့် အားပေးစကားပြောကြားပြီးနောက် သင်တန်းသားများအတွက် အားဖြည့်အချိုရည်များ ပေးအပ်ခဲ့သည်။

အဆိုပါ ဘောလုံးသင်တန်းဖွင့်လှစ်သင်ကြားမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးထွန်းသိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးရဲကိုကိုနှင့်အဖွဲ့၀င်များ၊ တာ၀န်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရွှေလုံသား (မြို့နယ်ပြန်/ဆက်)