ရန်ကုန် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အဆိုပါ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၆ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ တာဝန်ရှိသူများက ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဘောလ်ပင်များ၊ ခဲတံများနှင့် သင်ထောက်ကူပစ္စည်းများကို အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)