မြစ်သားမြို့နယ် ရခိုင်ကြီးကျေးရွာအုပ်စု နွေနှမ်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်အား တိုင်းဒေသကြီးစိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်သား မေ ၂၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရခိုင်ကြီးကျေးရွာအုပ်စု ကွင်းအမှတ် (၆၂၅)၊  တောင်သူဦးချစ်လှိုင်နွေနှမ်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက် ၁၀ ဧက စိုက်ကွင်းအား တိုင်းဒေသကြီး စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်တို့သည် မေ ၂၅  ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

  ဦးစွာ တိုင်းဒေသကြီဝန်ကြီးဦးလှမျိုးက သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို တောင်သူလက်ဝယ်အရောက်အနီးကပ်ပညာပေးဆောင်ရွက်ရမှာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုခတ်တွင် တိုးတက်နေသော IT နည်းပညာစနစ်ဖြင့် တောင်သူများ အားပညာပေးဆောင်ရွက်ရန်အတွက် နည်းလမ်းတစ်ခုရှိကြောင်း အထူးသဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးကောင်းမျိုးသန့်သုံးစွဲရေးကို အထူးအလေးထား ပညာပေးဆောင်ရွက်ရန်လိုအပ်ကြောင်း မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများအား လမ်းညွှန်မှာကြားသည်။

မြစ်သားမြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က တိုင်းဒေသကြီးဝန်ကြီး ဦးလှမျိုး၏ လမ်းညွှန်မှာကြားချက်များအပေါ် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကွင်း တာဝန်ခံဝန်ထမ်းများနှင့် ဆက်စပ်ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းပြီးစိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဝါဝါမြင့်(မြစ်သား)