သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

သာပေါင်း မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ မေလ ၂၅ ရက်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် မြို့နယ်ကုသ‌ရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦး‌ဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကိုကို‌နေလင်းကြိုင်၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ပြည်သူများနှင့်အတူပူးပေါင်း၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ မြို့ပေါ်ရပ်ကွက် (၃) ခုတို့တွင် ပိုးလောက်လန်းစစ်ဆေး(ဖုံး၊ သွန်၊ လဲ၊ စစ်)ခြင်း၊အဘိတ်ဆေးခတ်သော အိမ်ခြေပေါင်း (၁၉၀၇)အိမ်၊စစ်ဆေး အိုးခွက်ပေါင်း (၂၉၉၅) ခွက်၊ ခြင်ဆေးမှုတ်ခြင်း (၅) ကျောင်း၊ Fever Surveillance (၆၃) ဦး၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ တက်ရောက်သူ (၁၆၃) ဦးအား ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး