မော်လိုက်မြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မော်လိုက် မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၅) ရက်နေ့ ညနေ (၃) နာရီအချိန်က ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလမင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်တာဝန်ရှိသူများက သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို (၂၁-၅-၂၀၂၆) ရက်နေ့မှ (၂၆-၅-၂၀၂၆) ရက်နေ့အထိ (၅) ရက်အကြာ သင်တန်းနည်းပြ (၂) ဦးမှ သင်တန်းသူ (၂၂) ဦးတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့‌ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)