ပူတာအို မေ ၂၆
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ဧက တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၂၃ ရက်နံနက် ၇ နာရီကမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဦးချန်တန်ခင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာ ရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ လေယာဉ် ကွင်းရပ်ကွက် လေယာဉ်ကွင်းဈေးမှစတင်၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာ တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်အတွင်းရှိ ဂုဏ်ပွင့်နိုင်စက်သုံးဆီအရောင်းဆိုင်၌ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဂုဏ်ပွင့်နိုင်စက်သုံး ဆီအရောင်းဆိုင်တို့ပူးပေါင်း၍ တောင်သူများအအတွက် စက်သုံးဆီတစ်လီတာလျှင် အစိုးရ ရည်ညွှန်းဈေးနှုန်း ၆၄၇၀ ကျပ်ဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးစပါးအချိန်မီထွန်ယက် စိုက်ပျိုးနိုင်ရေး ရောင်းချပေးနေအခြေအနေများနှင့် လာရောက်ဝယ်ယူကြသော တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ်အတွင်း မေ ၂၂ ရက် နေ့ ညနေပိုင်းတွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် မာမူးလဲကျေးရွာအုပ်စု၊ နမ်ဟေ့ကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်း(နမ်ဟေ့)ကျောင်းဝင်းအတွင်း ဆိုင်ကယ်စတန်း ထိခိုက်ပျက်စီးခဲ့မှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးအတွက် ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကာ အဆိုပါကျောင်း၌ Grade-12 ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ အား သင်ကြားရေးဆရာ/ ဆရာမများက စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသည့် အခြေအနေ များနှင့် ကျောင်းသား/ ကျောင်းသူများအား နှုတ်ဆက်အားပေးခဲ့ကာ ဆရာ/ ဆရာမများနှင့် ကျောင်း သား/ ကျောင်းသူများအတွက် ချီးမြှင့်ငွေကျပ်သိန်း ၃၀ နှင့် စာရေးကိရိယာများဝယ်ယူနိုင်ရေး ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းဝင်းအတွင်းရှိ ပန်းခြံများနှင့် ကျောင်းဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါလေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပူတာအိုအကျဉ်းထောင်အတွင်း ထိခိုက်ပျက်စီးခဲ့မှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လေပြင်းကြောင့် ထိခိုက်ပြိုလဲခဲ့ရသော အုတ်တံတိုင်း ပြင်ဆင်ဆောင် ရွက်နိုင်ရေး ငွေကျပ် ၁၅ သိန်းနှင့် အကျဉ်းထောင်ဝန်ထမ်းများနှင့် အကျဉ်းသား/ အကျဉ်းသူများ အတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကို ပေးအပ်ခဲ့ကြပြီး အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မချမ်းဘောမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး ကောင်းမှုလုံကျေးရွာ၊ မလိခမြစ်ကမ်းဘေးတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်း သမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြကာ စေတီတော် ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး စေတီတော်ကြီး အား လက်ယာရစ်ပတ်၍ ဖူးမျှော်ကြည်ညိုခဲ့ကြကာ စေတီတော်ဝင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် စေတီတော်ကြီးပေါ်မှ ရှေးဟောင်းသမိုင်းဝင် ရုပ်ထုဟောင်းကြီးများ အား အမိုးအဆောင်ဖြင့် အများကြည်ညိုလေ့လာနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ဆက်လက်၍ မချမ်းဘောမြို့နယ်၊ ထရန်ဒမ်းကျေးရွာအုပ်စု၊ ဆင်လမ်ဒမ်းကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းဝင်းအတွင်း ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းတိုင်းတာရေးအဖွဲ့က မြေပြင်တိုင်းတာထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းဝင်းအတွင်း Clean & Green School အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဆရာ/ ဆရာမများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
ယင်းနောက် ထရန်ဒမ်းကျေးရွာအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနိုင်ရေး မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ ဆရာ/ ဆရာမများက ကျေးရွာအတွင်းရှိ ကျောင်းတက်နိုင်သည့်အရွယ် ကလေးများအား စာရင်းကောက်ယူနေမှုကို ကြည့်ရှုအားပေးခဲ့ကြကာ စာရင်းကောက်ယူသည့် အဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် မချမ်းဘောမြို့သို့ရောက်ရှိပြီး ဂူဘားခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသခံ တောင်သူများအား မိုးစပါးစိုက်ပျိုးချိန်အတွက် ဆင်းဧကရီ-၃ အထွက်တိုးမျိုးစပါး ထောက်ပံ့ပေးအပ်ပွဲ သို့ တက်ရောက်ပြီး ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံ တောင်သူများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင် စည်းစည်းလုံးလုံးဖြင့် အားလုံးက ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရေးနှင့် ပြည်နယ်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်အတွက် အရေးပါသည့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းအား အကောင်အထည်ဖော်နိုင်ရေး အားလုံးက ဝိုင်းဝန်းကူညီကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မချမ်းဘောမြို့နယ်အတွင်းရှိ တောင်သူများအတွက် ဆင်းဧကရီ-၃ အထွက်တိုးမျိုးစပါး တင်း (၁၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြ ရာ မြို့မိ/ မြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာကြသော ဒေသခံများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မချမ်းဘောမြို့ ရပ်ကွက် (၁)အတွင်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အဖြစ် မြို့ပေါ်ရှိ သက်ကြီး အဘိုး/ အဘွားများအား ဆီးချို၊ သွေးချို စစ်ဆေးစမ်းသပ်ကုသပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဘိုး/ အဘွားများအတွက် အလှူ ငွေများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ အဆိုပါရပ်ကွက်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မချမ်းဘောမြို့နယ်ဦးစီးမှူးရုံးမှ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းအပြီး ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများထံ ပေးအပ်ခဲ့ကြကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မချမ်းဘောမြို့ဝင် မလိခတံတားအနီး၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ် နှံရေးအထိမ်းအမှတ် အသိပေးမြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားသို့ တက်ရောက်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မြို့မိ/ မြို့ဖများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးများ အားလုံး ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာ(ဗီနိုင်း)ကို ဖွင့်လှစ်ပေးခဲ့ကြပြီး ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မေ ၂၄ ရက် နံနက်ပိုင်းကလည်း ပူတာအိုမြို့ ပန်းလှိုင် ရပ်ကွက်အတွင်း နမ့်ထွမ်ချောင်းရေတိုက်စားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေတိုက် စားမှုမှာ ကာကွယ်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ အဆိုပါရပ်ကွက် အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည်ပေးမှုဖြင့် အသေးစားစက်မှုကုန်ထုတ်လုပ်ငန်း လည်ပတ်လျက်ရှိသည့် စူပါဝမ်း ဝါးတူထုတ်လုပ်ရေးလုပ်ငန်း၌ ဝါးနှင့် ဝါးကုန်ကြမ်းများအား ဝါးတူ အဆင့်အထိ တစ်ဆင့်ခြင်း လည်ပတ်ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုစစစ်ဆေးခဲ့ကြကာ လုပ်ငန်းတိုးချဲ့လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ရည်မှန်းချက်များ ပြည့်မီစေရေးနှင့် နိုင်ငံ့စီးပွားမြှင့် တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ဌာနဆိုင်ရာများ၊ စာပေယဉ်ကျေးမှုအဖွဲ့ များ၊ ဘာသာရေးအသင်းအဖွဲ့များ တောင်သူများနှင့် တွေ့ဆုံပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းက ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစီမံကိန်းများနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံများက လုပ်ငန်းဆောင်ရွက် မှုများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်း စပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဘာသာရေးအသင်းအဖွဲ့များအတွက် ငွေကျပ် ၆၅ သိန်း နှင့် ချီးမြှင့်ငွေများကို ပေးအပ်ကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပူတာအိုလေဆိပ်၌ မန်စေခွန်ကျေးရွာအုပ်စု၊ နမ်မခူးနမ်ဆည်နှင့် အထက်ဘက်ရှိ အကျိုးပြုလယ်ဧက ၂၀၀ ကျော်အတွက် စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် ချောင်းရေတိုက်စားမှု မှ ကာကွယ်ရေးအတွက် ရေကာတန်းနှင့် သဲနှုန်းတူးဖော်နိုင်ရေး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာနေရပ်မိရပ်ဖများက တင်ပြမှုအပေါ် အမြန်ဆုံးဆောင် ရွက်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ငွေကျပ်သိန်း ၁၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)