တောင်သာမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ကျောင်းအပ်နှံမှု လက်ခံခြင်းများဆောင်ရွက်

တောင်သာ မေ ၂၅

မန္တလေးတိုင်းဒသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေ ၂၅ ရက် နံနက် ၉ နာရီမှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။

ကျောင်းအပ်နှံမှု လက်ခံခြင်းဆောင်ရွက်ပေးရာတွင် ပညာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသော ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီအတွက် သတ်မှတ်အတန်းအလိုက် ထုတ်ပေးရမည့် ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို တစ်ပါတည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အလယ်တန်းကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)၊ မူလတန်း (လွန်)ကျောင်း၊ မူလတန်းကျောင်း၊ မူလတန်းကျောင်း(ခွဲ)နှင့် ဘကကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၁၈၉ ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်မျိုးနိုင်(တောင်သာ)