မလှိုင် မေ ၂၅
မန္တလေးတိုင်းဒေသကြီးမလှိုင်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင်၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ယနေ့နက် ၈ နာရီမှစတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေ ၂၅ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်မည်ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများအား မိဘများမှ လာရောက်အပ်နှံ လျက်ရှိသည်။
ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား KGတန်းမှစ၍ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်းကျောင်းသား၊ ကျောင်းသူများအတွက် အတန်းအလိုက်သတ်မှတ်ထားသည့် ကျောင်းသုံးသင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကိုပါ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်