ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပြည်သူများ သိရှိ​စေ​ရေး ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ကြည့်မြင်တိုင် ဇန်နဝါရီ ၁၉

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ် ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရွေးချယ် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ပြည်သူများ သိရှိ​စေ​ရေး ရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မကျည်းတန်း​တောင် အ​ရှေ့ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါရှင်းလင်း​ဆွေး​နွေးပွဲတွင် မြို့နယ်ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦ​ဇော်ဝင်း၊ အမှတ်(၁) တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စား လှယ် ဦး​ကျော်နန္ဒ​အောင်၊  မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးဇာနည်ဝင်းတို့က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်း၊  နည်းဥပ​ဒေများနှင့်အညီ ကြီးကြပ်​ရေးအဖွဲ့ရွေးချယ်​ရေး ရှင်းလင်းဆွေး​နွေးခြင်း စသည် တို့ကို ရှင်းလင်း​ဆွေး​နွေးခဲ့ပြီး တက်​ရောက်လာကြသည့် ရပ်ကွက်​နေပြည်သူများမှ  သိရှိလိုသည်များကို မေးမြန်းရာ  ပြန်လည် ရှင်းလင်း ​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် အညီ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲသို မြို့နယ်အတွင်းရှိ လွှတ်​တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများ တက်​ရောက်ခဲ့​​​ပြီး အဆိုပါရှင်းလင်း​ဆွေး​နွေးပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်များ အတွင်း ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရ သည်။

ခိုင်ဇာလင်း (ပြန်/ဆက်)