မဟာအောင်မြေ မေ ၂၅
ပညာရေးဝန်ကြီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရာ မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုလက်ခံခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံမှုလက်ခံခြင်း ဆောင်ရွက်ပေးရာတွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီအတွက် သတ်မှတ်အတန်းအလိုက် ထုတ်ပေးရမည့် ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို တစ်ပါတည်း ထုတ်ပေးလျက်ရှိသည်။
အောင်ဇော်မင်း