ချမ်းမြသာစည် မေ ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့သီတင်းပတ်ကို ပညာရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုလက်ခံခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၃၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၄၀) ကျောင်း စုစုပေါင်း (၈၀) ကျောင်းရှိပြီး ကျောင်းအပ်နှံမှု လက်ခံခြင်းဆောင်ရွက်ပေးရာတွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီအတွက် သတ်မှတ်အတန်းအလိုက် ထုတ်ပေးရမည့် ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို တစ်ပါတည်းထုတ်ပေးလျက်ရှိပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
အလင်းသစ် (ပြန်/ဆက်)