ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း စတင်လက်ခံ

ပြည်ကြီးတံခွန် မေ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကျောင်းဆရာ၊ ဆရာမများက ယနေ့ နံနက်ပိုင်းက စတင်၍ လာရောက်အပ်နှံသည့် ကျောင်းသား/သူများအား ကျောင်းအပ်နှံခြင်းများ စတင် လက်ခံလျက်ရှိသည်။

ကျောင်းအပ်နှံခြင်း စတင်လက်ခံရာတွင် ပြည်ကြီးတံခွန်မြို့နယ်တွင် အခြေခံပညာကျောင်း ၂၅ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၃၁ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်း စုစုပေါင်း ကျောင်းပေါင်း ၈၀ ရှိပြီး လာရောက်အပ်နှံသည့် ကျောင်းသား/သူများအား ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော တစ်ဦးချင်းစီအလိုက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများကို ကျောင်းသား/သူများထံ လက်ဝယ်အရောက် အခမဲ့ ပေးအပ်ထုတ်ပေးလျက်ရှိသည်။

အဆိုပါ ကျောင်းအပ်နှံခြင်းကို ၂၀၂၆ခုနှစ်၊ ယနေ့ မေလ ၂၅ ရက်နေ့မှစ၍ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)