ကျောက်ဆည်မြို့၌ အခြေခံပညာမူလတန်းအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆွေးနွေးပွဲ သင်တန်းဆင်း

ကျောက်ဆည် မေ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံ ပညာမူလတန်းအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆွေးနွေးပွဲသင်တန်းဆင်းအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် မေ ၂၄ ရက် နံနက်ပိုင်းက ကျင်းပသည်။

ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သင်ကြားသင်ယူမှုလုပ်ငန်း စဉ်များတွင် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ အခန်းကဏ္ဍသည် အရေးပါဆုံးသော လုပ်ငန်းတစ်ခုဖြစ်သည့်အတွက်  မူလတန်းဆင့်သင် ဆရာ/ဆရာမများအား အခြေခံပညာကဏ္ဍဖွံ့ဖြိုး တိုးတက်ခြင်းများနှင့် သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားခြင်း၊ ဘာသာရပ်သင်ခန်းစာများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်အလိုက် ထိရောက်အောင်မြင်သော သင်ကြား သင်ယူမှုဖြစ်ခြင်း၊ အခြေခံပညာမူလတန်းအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာများ သိရှိနားလည်ခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်လှုပ်ရှားမှုစသည့် အခြေခံကောင်းများ အသက်အရွယ်အလိုက် မှန်ကန်စွာဖွံ့ဖြိုးတိုးတက်မှုများ ပြုစုပျိုးထောင်တတ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲ၌ ECCD Policy, Chid Right Law, Child Protection၊ ကလေးစိတ်ပညာ၊ ကလေးသဘောသဘာဝနှင့်အခြေခံလိုအပ်ချက်များ၊ ကစားခြင်းဖြင့်သင်ကြားခြင်း၊ သင်ယူမှုအခြေခံ အုတ်မြစ်များ၊ သင်ယူမှုပုံစံများ၊ မိသားစုပုံစံအမျိုးမျိုးနှင့် မိဘရပ်ရွာပူးပေါင်း ဆောင်ရွက်ခြင်း၊ ကလေးဖွံ့ဖြိုးမှု၊ Classroom Management Corner၊ တစ်နေ့တာအစီအစဉ်၊ ECIနှင့် အထူးဂရုပြု စောင့်ရှောက်ရန်လိုအပ်သော ကလေးများနှင့်သင်ကြားမှုနည်းလမ်းများ၊ ဘာသာစကားဖွံ့ဖြိုးမှုအတွက် Stoty Music play၊ အစောပိုင်းကာလစာတတ်မြောက်မှု၊ ကလေးများအားကြည့်ရှုလေ့လာခြင်း၊ အကူး အပြောင်းကာလအရေးကြီးပုံ၊ အခြေခံပညာဥပဒေ/အခြေခံပညာသင်ရိုးညွှန်းတမ်း အညွှန်းဘောင်/KG သင်ရိုးမိတ်ဆက်စသည့် သင်ခန်းစာများ ပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)