တွံတေးမြို့နယ်၌ အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံ

တွံတေး မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၈ နာရီက စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံရာတွင် ငွေကြေးတစ်စုံတစ်ရာကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူကျောင်းပေါင်း (၂၁၃)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်(၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၅)ကျောင်း၊ စာသင်ကျောင်း စုစုပေါင်း(၂၁၉)ကျောင်းရှိကြောင်း သိရှိရသည်။ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၅ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ နံနက် ၈ နာရီမှ ၄ နာရီအထိ ကျောင်းအပ်လက်ခံပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကျောင်းအပ်လက်ခံရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးနန်းဦးတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင် တွံတေး