ဒဂုံမြောက် မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် (၄၉)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ (၄၉)ဈေးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၆ နာရီက ဈေးပိတ်ချိန်တွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် (၄၉)ရပ်ကွက်၊ အမှတ်(၄၉)ဈေးအား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့နှင့်အတူ ဈေးတာဝန်ခံ ဦးသန်းမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဝန်ထမ်း(၂)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးတို့မှပူးပေါင်း၍ ဈေးများ မီးဘေးလုံခြုံရေးအတွက် ဈေးပိတ်ချိန်ဈေးအတွင်း၌ မီးဖိုများသုံးစွဲထားရှိမှု ရှိ၊ မရှိ လျှပ်စစ်မီးခလုတ်များ ပိတ်ထားခဲ့မှုရှိ/မရှိတို့အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးဆော်သြခြင်း၊ နှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
မြင့်မြင့်ရီ