လွိုင်လင်မြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းများ စတင်အပ်နှံ

လွိုင်လင်  မေ ၂၅

၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် မကြာမီ အခြေခံပညာကျောင်းများစတင် ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၅ ရက်နေ့ မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရာ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ယနေ့မှစ၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)သို့အပ်နှံရန်၊ (၆) နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံကြရန် နှိုးဆော်တားရာ ကျောင်းသားမိဘများကိုယ်တိုင် လိုအပ်သည့်စာရွက်စာတမ်း အထောက်အထားများဖြင့် လာရောက်အပ်နှံကြကြောင်းသိရသည်။

လွိုင်လင်မိုး