ကျောက်တန်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

ကျောက်တန်း မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်ရှိ‌ မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ယမန့်ညပိုင်းက ဆောင်ရွက်ခဲ့သည်၊၊

အဆိုပါ မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းအား ကျောက်တန်းမြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်းဦးဆောင်သောအဖွဲ့၀င်များ၊ မြို့နယ်လျှပ်စစ်မှ ကျွမ်းကျင်ပညာရှင်များ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ၊ ဈေးလုံခြုံရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးပိတ်ချိန်အသေးစိတ်စစ်ဆေးခဲ့ပြီး မြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မီးသတိမူရေးဆော်ဩခြင်း၊ 191 Report Software တွင်ကျယ်စွာအသုံးပြုနိုင်ရေး ဆော်ဩခြင်း ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)