မိုးကောင်း မေ ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို အ.ထ.က(၁)ကျောင်းရှေ့၌ မေလ(၂၂)ရက်နံနက်(၈)နာရီတွင် ကျင်းပသည်။
အဆိုပါမြေစိုက်ပိုစတာစိုက်ထူပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ထွန်းသိန်းတို့က ဖဲကြိုဖြတ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်ဖြန်းပက်ကြသည်။
မိုးကောင်းမြို့နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်ပညာရေးမှူး ဦးစိန်လွင်နှင့် ပညာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
သန်းလွင်ဦး(ပြန်/ဆက်)