မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

မိုးညှင်း မေ ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၅)ရက် နံနက်ပိုင်းမှစတင်ကာ အခြေခံပညာစာသင်ကျောင်းများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားခွင့်ရရှိစေရေးအတွက် ကျောင်းအပ်လက်ခံကြခြင်းကို ဆောင်ရွက်လျက်ရှိရာ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းမျာအပြင် ဘုန်းတော်ကြီးသင်မူလတန်းကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းများတွင် မေလ(၂၅)ရက်မှ (၃၁)ရက်ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်သတ်မှတ်ပြီး ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများမှ စိတ်အေးချမ်းသာစွာဖြင့် စာသင်ကျောင်းများတွင် လာရောက်အပ်နှံကြလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း