ကာမိုင်းမြို့ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ

ကာမိုင်း မေ ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို အ.ထ.က(ကာမိုင်း)ကျောင်းရှေ့၌ ယမန်နေ့ ညနေ(၃)နာရီတွင် ကျင်းပသည်။

အဆိုပါ မြေစိုက်ပိုစတာစိုက်ထူပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးနွယ်နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းမောင်က အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းခဲ့ကြသည်။

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်ညာရေးမှူး ဒေါ်အေးအေးနွယ်၊ ပညာရေးဝန်ထမ်းများ၊ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးမင်းမောင်၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ကာမိုင်း(ပြန်/ဆက်)