တနိုင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တနိုင်း မေ ၂၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အထက-၁ ပညာရတနာခန်းမ၌ ယနေ့နံနက်  ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကောင်ဆိုင်းလက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးက အမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်ပညာရေးမှူး ဒေါ်ရွေနယ်ဇိန်းက ကျောင်းအပ်နှံရေးဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေး လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား/သူများသို့ ကျောင်းသုံး ဗလာစာအုပ်များ သင်ရိုးဖတ်စာ စာအုပ်များကို တာဝန်ရှိသူတို့က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မီမီကျော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကောင်ဆိုင်းလ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်မြင့်ရွှေ၊ခရိုင်လဝက ဦးစီးမှူး ဦးမြင့်ထွန်း၊ ခရိုင်ဥပဒေအရာရှိနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြသောင်း၊ မြို့နယ်လဝကဦးစီးမှူး ဦးခင်မောင်မြင့်၊မြိုနယ်ပညာ‌ရေးမှူး ဒေါ်ရီရီဝင်း၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ရီနှင့်အဖွဲ့ဝင်များ၊‌ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ‌ကျောင်းကော်မတီဝင်များ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြေကြောင်း သိရသည်။

မနောမြေ(တနိုင်း)