ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကျောင်းအပ်နှံမှု စတင်လက်ခံ

ဟိုပုံး မေ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုစတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံလာရောက်ကြသည့် ကျောင်းသား၊ကျောင်းသူကလေးငယ်များနှင့် ကျောင်းသားမိဘများအား စာရင်းပေးသွင်းစေပြီး သက်ဆိုင်ရာအပ်နှံပေးနေသည့် နေရာအသီးသီးသို့ သွားရောက်အပ်နှံစေကာ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်း အစုံအလင်ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြိုနယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကိုစတင်ဆောင်ရွက်သည့် ယနေ့တွင် ကျောင်းလာရောက်အပ်နှံသူများဖြင့် စည်ကားလျက်ရှိပြီး အဆိုပါကျောင်းလာရောက်အပ်နှံနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၁၂)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၁၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၁၄) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ)(၁၆)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း စုစုပေါင်း(၁၈၉)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)