ကာလိ ဧပြီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများအား ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိသည်။
ကာလိမြို့အတွင်းရှိ ကျောင်းများမှ ဆရာ/ဆရာမများက မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများအား ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ(၂၅)ရက်နေ့ မှ မေလ(၃၁)ရက်နေ့အထိ နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)