မိုင်းယန်း မေ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖတ်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက အမှတ်(၂၈၁)ခြေလျင်တပ်ရင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးလင်းသန့်ကအမှာစကားပြောကြားပြီး သင်တန်းသင်ကြားပို့ချပေးခဲ့သည့် စစ်ရေးနည်းပြဆရာကြီးများအား အမှတ်တရလက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖတ်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးမှ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖတ်နှိမ်နင်းရေးအဖွဲ့ထံသို့ စိစစ်ရေးကတ်ပြားများပေးအပ်ရာ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖတ်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်(၃)ဦးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး