လွိုင်လင်မြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆)ဖွင့်လှစ်

လွိုင်လင်  မေ ၂၅

မီးဘေးအန္တရာယ်စိုးရိမ်ရသည့် စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ဈေးနှင့် လုပ်ငန်းရှင်နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများအားသီးသန့်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းပြီး မီးငြိမ်းသတ်ရေးအကြိုအခြေခံပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက လွိုင်လင်မြို့နယ်မီးသတ်ဦးစီးဌာနခန်းမ၌ သင်တန်းဖွင့်ပွဲကျင်းပကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။ သင်တန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်နှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများတက်ရောက်ကြပြီး နယ်ပယ်အသီးသီးမှ သင်တန်းသား/သင်တန်းသူ (၃၁)ဦးအား ဇွန်လ(၅)ရက်နေ့အထိ အခြေခံမီးသတ်ပညာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး