ဖယ်ခုံမြို့၌မြို့နယ် အားကစားကော်မတီဥက္ကဋ္ဌ ချစ်ကြည်ရေးဖလားအလွတ်တန်းဖိတ်ခေါ် အမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဖယ်ခုံ မေ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၆-၂၀၂၇ခုနှစ်၊ မြို့နယ်အားကစားပြန်လည်ဖွံ့ဖြိုးရေးအတွက် မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌ ချစ်ကြည်ရေးဖလားအလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဖယ်ခုံမြို့၊ ညောင်ကုန်းရပ်ကွက်ရှိ  မြို့နယ်အားကစားကွင်းတွင်ကျင်းပရာ အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဘောလုံးအားကစားချစ်သူပြည်သူများတက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ် မြို့နယ်လျှပ်စစ်အသင်းနှင့် 125 FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်လျှပ်စစ်အသင်းက ၄ဂိုး ၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ဖယ်ခုံမြို့နယ်အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးကြီမြတ်လင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းရွှေတို့မှ အမှာစကားပြောကြားပြီး၊ မြို့နယ်အားကစားကော်မတီ တွဲဖက်အတွင်းရေးမှူးဒေါ်နန်းအေးထူးမှ ပြိုင်ပွဲကျင်းပမှုအောင်မြင်ခြင်းအကြောင်းအား ရှင်းလင်းပြောကြားခြင်းနှင့် ကျေးဇူးတင်စကားပြောကြားသည်၊။ ယင်းနောက် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆု၊ နောက်တန်းအကောင်းဆုံံးအားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံး အားကစားသမားဆု၊ အရှေ့တန်းအကောင်းဆုံးအားကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် ဂိုးသွင်းအများဆုံးဆုစသည့် ဆုများတွင် တစ်ဦးချင်းဆုရရှိသူများကိုလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အသန့်ရှင်းဆုံးအသင်းဆုများနှင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ဆုရရှိသောအသင်းများကို လည်းကောင်း တာဝန်ရှိသူများက ဆုတံဆိပ်များ၊ ဆုဖလားများနှင့် ဂုဏ်ပြုငွေများအား သီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌ ချစ်ကြည်ရေးဖလား အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲကို မြို့နယ်အားကစားအဆင့်အတန်းပြန်လည် တိုးတတ်မြှင့်မားလာစေရန်၊ ကျေးရွာ/ရပ်ကွက်များမှ ရွက်ပုန်းသီးမျိုးဆက်သစ်လူငယ် အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ (၅-၅-၂၀၂၆)ရက်နေ့မှ (၂၄-၅-၂၀၂၆)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။                        

မြို့နယ်၊ပြန်/ဆက်