တန့်ယန်းမြို့နယ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ

တန့်ယန်း မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့်မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် မူလတန်း ဆရာ/ဆရာမများအား ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်ဆင့် ဆင့်ပွားသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်ကျော်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများနှင့်အတူ သင်တန်းဆင်းလက်မှတ်များကို တန်းခွဲများအလိုက် သင်တန်းသားခေါင်းဆောင်များအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တန်းခွဲများအလိုက် တေးသရုပ်ဖော်အကများဖြင့် တင်ဆက်ကပြခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)