ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အခြေခံပညာကျောင်းများသို့ Football For School Program အရ Adidas Side-4 ဘော်လုံးများပေးအပ် လှူဒါန်း

လားရှိုး မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြန်မာနိုင်ငံဘော်လုံးအဖွဲ့ချုပ်မှ Football For School Program အရ အခြေခံပညာကျောင်းများသို့ Adidas Side-4 ဘော်လုံးများပေးအပ်လှူဒါန်းခြင်းကို မေ ၂၃ ရက်နေ့က အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်းရှိ ငွေရတုခန်းမ၌ ကျင်းပသည်။

ထို့သို့ပေးအပ်လှူဒါန်းရာတွင် မြန်မာနိုင်ငံဘော်လုံးအဖွဲ့ချုပ်မှ အခြေခံပညာကျောင်းများသို့ ပေးအပ်လှူဒါန်းလာသော ဘော်လုံးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာကျောင်း စုစုပေါင်း ၇၀၈ ကျောင်းတို့အတွက် စုစုပေါင်း Adidas Side-4 ဘော်လုံး ၇၀၈ လုံးအား ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ) ရှမ်မြောက်မှ သိရသည်။

လူမော် (ပြန်/ဆက်)