ပုဗ္ဗသီရိ မေ ၂၅
နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျည်တောင်ကန်ရပ်ကွက်ရှိ မြို့မဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် နေပြည်တော်တိုင်းရင်းဆေးရုံ ဒုတိယဆေးရုံအုပ်ကြီး ဦးလှမော်နှင့် တိုင်းရင်းဆေးဆရာ/ဆရာမများက ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များနှင့် ရပ်ကွက်နေပြည်သူများအား သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ အာရုံကြောရောဂါများ၊ အဆစ်ရောင်၊ လေးဘက်နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အကြောတက်၊ ကိုက်ခဲ၊ လေးဖြတ်၊ လေးငန်းရောဂါ၊ ထုံနာကျင်နာရောဂါများကုသပေးခဲ့ပြီး တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)