တွံတေးမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူထားရှိသည့် နွား၊ ဆိတ်၊ ကြက်များ ကူးစက်ရောဂါကာကွယ်ဆေးများ (အခမဲ့) ထိုးနှံပေး

တွံတေး မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူထားရှိသည့် နွားဆိတ်၊ ကြက်များ ကူးစက်ရောဂါ ကာကွယ်ဆေးများ (အခမဲ့) ထိုးနှံတိုက်ကျွေးပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ဘုရားငုတ္တို (တောင်) ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းနိုင်ထွန်းနှင့် ညဝန်ထမ်းများက ဘုရားငုတ္တို (တောင်) ကျေးရွာရှိ နွား၊ ဆိတ်နှင့် ကြက် မွေးမြူသူများအား နွား၊ ဆိတ်နှင့် ကြက်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများအကြောင်း သိကောင်းစရာနှင့် နွား၊ ဆိတ်၊ ကြက်မွေးမြူခြင်း အကျိုးကျေးဇူးများကို အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် တစ်ပိုင်တစ်နိုင် မွေးမြူထားရှိသည့် နွား၊ ဆိတ်၊ ကြက်များအား ရောဂါကာကွယ်ဆေးများ (အခမဲ့) ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင်