ပျဉ်းမနားဘိုးဘွားရိပ်သာရှိ သက်ကြီးအဖိုး၊အဖွားများအား ကွင်းဆင်းကုသရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော် မေ ၂၅

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏လမ်းညွှန်မှုနှင့် နေပြည်တော်ကုသရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ခုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများပါဝင်သော ကွင်းဆင်းကုသရေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ တောင်သာရပ်ကွက်ရှိ ပျဉ်းမနားဘိုးဘွားရိပ်သာသို့သွားရောက်၍ သက်ကြီး အဖိုး၊ အဖွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ခုတင်(၂၀၀)ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက ဘိုးဘွားရိပ်သာရှိ အဖိုး ၁၃ ဦး၊ အဖွား ၂၈ ဦး စုစုပေါင်း ၄၁ ဦးတို့ကို စစ်ဆေး၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများကလည်း မကူးစက်တတ်သောရောဂါများ(NCD)နှင့်ပတ်သက်၍ စစ်ဆေးကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)