တောင်ကြီး မေ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့်မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား)ဆွေးနွေးပွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ကျင်းပရာ တောင်ကြီးမြို့နယ်ပညာရေးမှူး ဦးဇော်လှိုင်ထွန်း ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြောင်းသိရ သည်။
ဦးစွာ တောင်ကြီးမြို့နယ်ပညာရေးမှူး ဦးဇော်လှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူးက သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးကလက်ခံရယူပြီး သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ နည်းပြဆရာမကြီးများက မျှော်လင့်နေတုန်းပျိုဖုန်းလှမ်းခဲ့ပါ တေးသီချင်းဖြင့်လည်းကောင်း၊ သင်တန်းသူများက ပန်းကလေးများရဲ့ဥယျာဉ်မှူးသီချင်းဖြင့်လည်းကောင်း၊ ဝါဆိုသီချင်းဖြင့်လည်းကောင်း၊ ပန်းရောင်စုံအလယ်ဆိုကြကကြမယ်သီချင်းဖြင့်လည်းကောင်း၊ ပြည်ထောင်စုအင်အား တေးသီချင်းဖြင့်လည်းကောင်း၊ မြတစ်ခက်တေးသီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၆-၂၀၂၇ပညာသင်နှစ်KGနှင့်Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမြို့နယ်အဆင့်(ဆင့်ပွား)ဆွေးနွေးပွဲကို သင်တန်းနည်းပြ (၁၆)ဦးက သင်တန်းသား/သင်တန်းသူ (၆၂၉)ဦးအား (၁၄.၅.၂၀၂၆)ရက်နေ့မှ(၂၄.၅.၂၀၂၆)ရက်နေ့အထိ (၁၀)ရက်ကြာသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)