မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်  (ဌ)စျေးအား  မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာပေးစစ်‌ဆေး

မြောက်ဥက္ကလာပ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဝေဘာဂီလမ်းမကြီး၊ (ဌ)ရပ်ကွက်ရှိ (ဌ)စျေးအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာပေးစစ်‌ဆေးခြင်းကို ယမန်နေ့ညနေ ၆ နာရီအချိန်က အဆိုပါဈေးအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူမျိုးဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ဈေးတာဝန်ခံနှင့် စျေးလုံခြုံရေးများနှင့်အတူ ဈေးပိတ်ချိန် မီးသုံးစွဲမှုနှင့် လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားမှုရှိ/မရှိ စျေးမီးဘေးလုံခြုံရေး ဆောင်ရွက်ထားသည့် အပေါ့စားစက်များ အဆင်သင့်အသုံးပြုနိုင်ခြင်းရှိ/မရှိနှင့် စျေးလုံခြုံရေးများအား ပိုက်ခေါင်းကိုင်ဆောင်ပုံ ကိုင်ဆောင်နည်းများအား သင်ကြားပေး၍ အသေးစိတ်စစ်ဆေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)