ရပ်စောက် မေ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ေမ ၂၃ ရက်နေ့နံနက် ၁၀ နာရီက လွယ်ကိုးကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုစားလှယ် ဦးအောင်ကျော်ညွန့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးညွန့်ဝင်းက လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေရန်၊ မိသားစုဝင်ငွေတိုးတက်လာစေရန်၊ ကိုယ်ထူကိုယ်ထလုပ်ငန်းများ မိမိတို့ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ကာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်