မိုင်းဆတ် မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ “နိုင်ငံတော်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” အသိပညာပေးပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(အ.လ.က-၁)ရှေ့နှင့် မြို့နယ်ပညာရေးမှူး ရုံးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေ ၂၅ ရက်မှ ၃၁ ရက်အထိအား ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာလွင်နှင့် တာဝန်ရှိသူတို့က ကျောင်းအပ်နှံရေးနေ့အသိပညာပေးပိုစတာများအား အခြေခံပညာအထက်တန်းကျောင်းခွဲ(အ.လ.က-၁)ရှေ့နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တို့တွင် စိုက်ထူပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)