မိုင်းဆတ် မေ ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များပူးပေါင်း၍ အစိုးရရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဝမ်ဟုန်(ဝ)ကျေးရွာခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောထက်ဝင်းနှင့် တာဝန်ရှိသူတို့က အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ပို့ချသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၄၇ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ သုံးရက်ကြာမြှင့်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် အခြေခံ ကြက်၊ ဝက်၊ ကျွဲ၊ နွားမွေးမြူရေး၊ တိရစ္ဆာန်ကူးစက်ရောဂါများအကြောင်း၊ ခြံဖျန်းပိုးသတ်ဆေးအသုံးပြုခြင်းနှင့် ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)