မြောက်ဥက္ကလာပ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်ထဲရေး၀န်ကြီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒစိုးမိုးရေးအတွက် မှုခင်းကျဆင်းရေးနှင့် အမှတ်(၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် (င)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မျိုးအောင်က မိမိတို့မြို့နယ်ရပ်ကွက်များရှိပြည်သူများအား ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒစိုးမိုးရေးအတွက် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်နှင့် မှုခင်းကျဆင်း ရေး အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ အမှတ်(၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူးလှိုင်ဝင်းအောင်က ယာဉ်မောင်းသူများ လိုက်နာရမည့်အချက်များ (မော်တော်ဆိုင်ကယ်/ မော်တော်ယာဉ်)၊ လမ်းလျှောက်သူများ (ခြေကျင်ခရီးသည်များ) လိုက်နာရမည့်အချက်များ၊ ယာဉ်စည်းကမ်းကို သိရှိခြင်းထက် လိုက်နာခြင်းက ပို၍အရေးကြီးပါကြောင်းစသည့်အချက်များအား အသိပညာပေး ဟောပြာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)