Football For School Program အရဖွင့်လှစ်သည့် ဘောလုံးသင်တန်းသားများအား အားကစားဝတ်စုံများပေးအပ်

တွံတေး မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အားကစားရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဥ်ဖြင့် Football For School Program အရဖွင့်လှစ်သည့် ဘောလုံးသင်တန်းသားများကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မြို့မအားကစားကွင်းတွင် အားကစားဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Football For School Program အရ ဘောလုံးသင်တန်းသားများအား တွံတေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ခင်စိန်လင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများက အားကစားသမားများအား အားကစားဝတ်စုံများပေးအပ်ခဲသည်။

အဆိုပါဖွင့်လှစ်ရခြင်းဖြင့် တွံတေးမြို့နယ်အတွင်းရှိလူငယ်လူရွယ်များအား အားကစားကို လေ့လာလိုက်စားခြင်းဖြင့် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံဖြိုးရေး၊ လူငယ်လူရွယ်များ အမျိုးဘာသာ၊ သာသနာ၊ ယဥ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုသုခုမများကိုလည်း တန်ဖိုးထားထိန်းသိမ်းရန်လိုအပ်ကြောင်း၊ လူငယ်လူရွယ်များ အားကစားကိုစိတ်ဝင်စားပြီး တစ်မျိုးသားလုံး ကျန်းမာကြံခိုင်ရေးအတွက် လူထုအားကစားလှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းဖြင့် ထူးချွန်ထက်မြက်သော ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်