ပန်းဘဲတန်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် စာရေးဆရာအသင်း၏ ၂၀၂၆ ခုနှစ်အတွက် စတုတ္ထအကြိမ် ညီလာခံသက်တမ်းအတွက် အမှုဆောင်ရွေးချယ်ပွဲကို ယနေ့မွန်းလွဲ (၁း၃၀) အချိန်က အမှတ် (၁၃၉)၊ မြေညီထပ်၊ (၄၂) လမ်းအထက်၊ ဗိုလ်တထောင်မြို့နယ်တွင် ကျင်းပခဲ့သည်။
ဦးစွာအမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံ စာရေးဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင် (ဆရာမြင်းမူမောင်နိုင်မိုး)မှ တက်ရောက်၍ ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားပြီး၊ ပန်းဘဲတန်းမြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ပါမောက္ခ ဒေါက်တာစိုးမြင့်အောင်က ရွေးချယ်တင်မြှောက်ခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းဆောင်ရွက်ချက်များကို အတွင်းရေးမှူး ဒေါ်ခင်ခင်ဦး(တက္ကသိုလ်နန်းမိုခမ်း)က ရှင်းလင်းကာ ဖိတ်ကြားထားသော အသင်းသားများမှ အပြန်အလှန် ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး အမှုဆောင်သစ်ရွေးကောက်ပွဲကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစိုးမြင့်အောင်က ရွေးကောက်ပွဲ စည်းမျဥ်းစည်းကမ်းများအား ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစိုးမြင့်အောင်(ဝါးခယ်မ)၊ အတွင်းရေးမှူး ဒေါ်ခင်ခင်ဦး (တက္ကသိုလ်နန်းမိုခမ်း)၊ ဘဏ္ဍာရေးမှူး ဦးတင်၀င်း(အား/ကာ)၊ အမှုဆောင်အဖွဲ့၀င် ဒေါက်တာ အောင်ညွှန်ပိုင်(ပိုင်ဆေး-၁)တို့အား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)