ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမအဝင်/ အထွက် လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမဆောင်ရှေ့ အဝင်/အထွက်လမ်းဆောင်ရွက်နေမှု၊ လူသွားစင်္ကြန် ဆောင်ရွက်နေမှု၊ AC ကတ္တရာ ခင်းကျင်းနေမှု၊ မြက်များစိုက်ပျိုးနေမှု၊ ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှုနှင့် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် သစ်ပင်များ စိုက်ပျိုးထားရှိမှု၊ သစ်ပင်များ စိုက်ပျိုးမည့်မြေနေရာများနှင့် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၃၄) ရပ်ကွက်အတွင်းရှိ ယမနေကန် ပြုပြင်ဆောင်ရွက်နေမှုနှင့် ကန်တော်မင်္ဂလာကန် ပြုပြင်နိုင်ရေးအခြေအနေများကို လည်းကောင်း၊ ဒဂုံ မြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ နောင်ရိုးချောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တို့ကြား ဧရာဝဏ်လမ်းမကြီး၊ ပွိုင့်ထိပ်မှတ်တိုင်အနီးတွင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၁၆၈) ရပ်ကွက်၊ ဦးတရုတ်ချောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ သာကေတမြို့နယ်အတွင်းရှိ ၇/အရှေ့ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံရှေ့ အမှတ် (၁၂) မြစ်ထွက်ပေါက် ရေမြောင်း၊ ရန်ပြေလမ်းနှင့် ပြည်တော်အေးလမ်းကြား အမှတ် (၃) မြစ်ထွက်ပေါက် ရေမြောင်းနှင့် ၂/မြောက် ရပ်ကွက်၊ FORTUNE PLAZA ရှေ့တွင် ရေမြောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)