ရန်ကုန် မေ ၂၄
အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ MYANMAR PLAZA တွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဆိုင်ခန်းပေါင်း (၁၁၀) ခန်းဖြင့် ၂၀၂၆ ခုနှစ်၊ မေလ (၂၃) မှ မေလ (၂၄) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)