ပင်လောင်း မေ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လိန်းညားကျေးရွာအုပ်စု၊ တောင်လေးကျေးရွာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ Footboll for School Pogram အရ ကျင်းပြုလုပ်ခဲ့သော ဘောလုံးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က အဆိုပါကျေးရွာဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်သန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဦးစိုင်းအေးလှိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစော၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူစန်းစန်းအေးတို့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အ.ထ.က(ခွဲ)တောင်လေး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျေးရွာမှတာဝန်ရှိသူများက သင်တန်းသား/သင်တန်းသများနှင့် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြပြီး၊ သင်တန်းသားဘောလုံးအသင်းများက ဘောလုံးယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား/သူ (၂၀၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)