ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ဒဂုံဆိပ်ကမ်း မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း ကျောင်းသားလူငယ်များ အခြေခံပညာအဆင့်မှစ၍ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးဆိုင်ရာ အတတ်ပညာများကို လက်တွေ့သိရှိနားလည်ပြီး ကိုယ်ပိုင်လုပ်ငန်းစွမ်းရည်များ တတ်မြောက်လာစေရန်ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁၆၈) / ရပ်ကွက်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများအား သင်တန်းအချိန်၊ သင်တန်းစည်းကမ်းများနှင့်ပက်သက်၍ အမှာစကားပြောကြားခဲ့ပြီး ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၌ အလယ်တန်းအဆင့်အတန်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ အလယ်တန်းပြ ဆရာ/ မ (၃၁) ဦးတို့အား နည်းပြဆရာမ (၃) ဦးတို့က မေ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ဆိပ်ကမ်း)