တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်းနှစ်ခုတွင် နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲနမူနာရယူ

တန့်ယန်း  ဇန်နဝါရီ  ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျှက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) နှစ်ခုတွင် ယမန်နေ့ညနေပိုင်း က နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲနမူနာ ရယူခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက်  ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသည့် စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) နှစ်ခုတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ဦး၊ ဒေါက်တာစိုးသန်းထိုက်နှင့် တာဝန်ရှိသူတို့က ကြီးကြပ်ကာ ကန့်သတ်စောင့်ကြည့်ထားသူ ရှင်သာမဏေ (၁၉)ပါးနှင့် ခရီးသွားပြည်သူ (၄၃)ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာများအား ကျန်းမာရေးဌာနဝန်ထမ်းများက ရယူကာ မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)