၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်

တွံတေး မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကိုခံယူ၍ နိုင်ငံတော်ရဲ့စက်မှုလယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍများ ဘက်စုံဖွံဖြိုးတိုးတက်လာစေရန်အတွက် အခြေခံပညာအလယ်တန်းအဆင့်မှ စတင်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အခြေခံကောင်းများရရှိစေရန် အလယ်တန်းအဆင့်မှာ သက်မွေးပညာရပ်များ သင်ကြားပေးခြင်းဖြင့် အထက်တန်းအဆင့်မှာ စိတ်ပါဝင်စားသည် သက်မွေးပညာရပ်များ ဆက်လက်သင်ကြားနိုင်ရန်ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယနေ့နံနက် ၉ နာရီ အချိန်က အ.ထ.က(၂) မြို့မတွံတေးကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ တွံတေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်လျုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ တွံတေးမြို့နယ် တာဝန်ခံမြို့နယ် ပညာရေးမှူး ဦးနန်းဦးကသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယခုပညာသင်နှစ်ဖြစ်သော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်များတွင် အလယ်တန်းအဆင့် အတန်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး သက်မွေးမွေးပညာသင်ရိုးများကို သင်ကြားနိုင်ရေးအတွက် Grade-6 သင်အလယ်တန်းပြ ဆရာ၊ ဆရာမများကို သင်တန်းပို့ချခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ တွံတေးမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းများမှဆရာ၊ ဆရာမ(၉၀)ဦး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှဆရာ၊ ဆရာမ(၇)ဦးတို့ကို နည်းပြဆရာ၊ ဆရာမ(၆)ဦးတို့က မေ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး